Image
သာမန်ဂိမ်းတွေထက်ပိုတဲ့ ခံစားချက်ကိုပေးနိုင်မယ့် ဂိမ်းတစ်ခုကို ရှာနေတယ်ဆိုရင်တော့ Graphic အမိုက်စားနဲ့ Fantasy ကမ္ဘာကြီးထဲမှာ စိတ်ကြိုက်သွားလာလှုပ်ရှားနိုင်တဲ့ Genshin Impact က မဖြစ်မနေ ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါပဲ။ 🔸 ဂိမ်းထဲမှာဆိုရင် Teyvat လို့ခေါ်တဲ့ သိပ်လှတဲ့ Fantasy ကမ္ဘာကြီးထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရမှာပါ။ ကိုယ်က Traveler တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ မောင်နှမတွေကို လိုက်ရှာရင်း နတ်ဘုရား (Archon) တွေ အုပ်ချုပ်ထားတဲ့ ဒေသ (7) ခုရဲ့ လျှို့ဝှက်ချက်တွေကို စိတ်လှုပ်ရှားဖွယ် စူးစမ်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ 🔸Gameplay ပိုင်းမှာတော့ Character (4) ယောက်အထိ Team ဖွဲ့ပြီး ကစားလို့ရတဲ့အပြင် အထူးခြားဆုံးကတော့ မီး၊ ရေ၊ လေ၊လျှပ်စစ်၊ ရေခဲ၊ မြေ၊ သဘာဝအပင် ဆိုတဲ့ Element (7) မျိုးကို ပေါင်းစပ်အသုံးပြုပြီး Elemental Reactions တွေ ဖန်တီးတိုက်ခိုက်ရတာက ဒီဂိမ်းရဲ့ အဓိက Gameplay ပါပဲ။ ဒါ့အပြင် Character တစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင် Skill နဲ့ Ultimate (Elemental Burst) တွေ အသီးသီး ပါဝင်ပါတယ်။ 🔸ပြီးတော့ Game ထဲမှာ Action တွေချည်းပဲလားဆိုတော့လည်း မဟုတ်ပါဘူး။ တိုက်ခိုက်ရတာတွေအပြင် စိတ်အေးလက်အေးနဲ့ ငါးမျှားမလား၊ ဉာဏ်စမ်းတွေဖြေရှင်းပြီး ရတနာသေတ္တာတွေ လိုက်ရှာမလား၊ ကိုယ်ပိုင်အိမ်လေးတွေ ဆောက်ပြီး အလှဆင်မလား စတဲ့ လုပ်စရာတွေ အများကြီးမို့ အချိန်ကုန်လို့ကုန်မှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။ ✨ ဒီလိုမျိုး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဂိမ်းဖြစ်တာကြောင့်လည်း The Game Awards 2021 မှာ Best Mobile Game ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိထားတာပါ။ လက်ရှိမှာလည်း ကမ္ဘာတစ်ဝန်းက Player တွေကြားမှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ ဒီဂိမ်းလေးကို မဆော့ရသေးဘူးဆိုရင်တော့ အခုပဲ စမ်းဆော့ကြည့်လိုက်တော့နော် 👇🏻 🛒 KMS Website မှာ Genshin Impact အတွက် လိုအပ်တဲ့ Genesis Crystals တွေကို ဈေးနှုန်းသက်သာစွာနဲ့ အလွယ်တကူ ဝယ်ယူနိုင်ပါပြီဗျာ။ "𝗚𝗮𝗺𝗲𝗿 တိုင်းအတွက် 𝗞𝗠𝗦 𝗚𝗔𝗠𝗜𝗡𝗚 𝗦𝗛𝗢𝗣" 👉🏻 Website မှာ 24 နာရီ အချိန်မရွေး စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်ဗျ။ (သင့်တင့်တဲ့ဈေးနှုန်း၊ မြန်ဆန်တဲ့ဝန်ဆောင်မှု၊ နွေးထွေးတဲ့ Customer Service) #KMSGamingShop #GamerLife #GameTopUp #24HoursService #Gaming #Diamond #UC #PUBG #MobileLegend