Image
PUBG Mobile ကို အမြဲဆော့နေတဲ့ Gamerတို့အတွက် တစ်ခါတလေ Game Experience အသစ်လေးတွေ စမ်းကြည့်ချင်တယ်ဆိုရင် ဆော့ကြည့်သင့်တဲ့ လူကြိုက်များဆုံး အမိုက်စား Shooting ဂိမ်း (၃) မျိုးကို KMS ကနေ ဝေမျှပေးလိုက်ပါတယ် 💁🏻 🔥 Free Fire Global ဖုန်းအနိမ့်တွေမှာပါ အထစ်အငေါ့မရှိဘဲ အေးဆေးချောမွေ့စွာ ကစားနိုင်တာက Free Fire ရဲ့ အကြီးမားဆုံး အားသာချက်ပါ။ ရိုးရိုးရှင်းရှင်း ပစ်ခတ်ရုံတင်မကဘဲ ကိုယ်ပိုင် Character Skill တွေအပြင် Gloo Wall တွေကိုပါ အသုံးပြုပြီး သွက်သွက်လက်လက် ကစားရတဲ့ Battle Royale အမျိုးအစားဖြစ်ပါတယ်။ Action အကြမ်းစားတွေကို အမြန်ဆုံး ခံစားချင်သူတွေအတွက် တကယ့်ကို အဆင်ပြေစေမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ 🎒 Arena Breakout တကယ့်စစ်မြေပြင်အစစ်ကို ရောက်နေသလိုမျိုး လက်တွေ့ဆန်ဆန် ဖန်တီးပေးထားတဲ့ Hardcore FPS ဂိမ်းကောင်း တစ်ခုပါ။ ဒီဂိမ်းရဲ့ ထူးခြားချက်က ရန်သူတွေကို လိုက်သတ်ဖို့ထက် တန်ဖိုးကြီးတဲ့ ပစ္စည်း (Loot) တွေကို ရှာဖွေပြီး အသက်ရှင်လျက် လွတ်မြောက်ဖို့က ပိုအရေးကြီးပါတယ်။ သေသွားရင် ကိုယ်ယူလာတဲ့ ပစ္စည်းတွေပါ အကုန်ဆုံးရှုံးနိုင်တာမို့ အသေအချာ တွေးခေါ်ပြီး သတိထားကစားရတဲ့ ဂိမ်းမျိုး ဖြစ်ပါတယ်။ ⚡ Blood Strike Hero Shooter နဲ့ Battle Royale ဂိမ်းပုံစံ နှစ်မျိုးကို အမိုက်စား ပေါင်းစပ်ထားတဲ့ ဂိမ်းလေးပါ။ Striker လို့ခေါ်တဲ့ Hero တစ်ကောင်ချင်းစီမှာ သူ့ကိုယ်ပိုင် Skill တွေ ပါဝင်ပါတယ်။ ဒါ့အပြင် Slide ထိုးတာ၊ Dash လုပ်တာတွေနဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး တိုက်ပွဲဝင်ရတာဖြစ်လို့ လက်သွက်ခြေသွက်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရတာကို သဘောကျတဲ့သူတွေအတွက် အသေအချာကို အကြိုက်တွေ့စေမှာပါ။ ဒီဂိမ်း (၃) မျိုးစလုံးက PUBG နဲ့ မတူညီတဲ့ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိကြတာမို့ အသစ်အဆန်းကို ရှာဖွေချင်တဲ့ Gamer တွေအတွက် စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတွေပဲ ဖြစ်ပါတယ်။ 💬 KMS ရဲ့ Gamer တွေထဲမှာရော ဒီဂိမ်းတွေကို ဆော့ဖူးတဲ့သူတွေ ရှိလား? ဘယ်ဂိမ်းကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးသွားခဲ့ပါဦးနော် 👇 📌 Gamer တွေအတွက် လိုအပ်တဲ့ In-game Item တွေနဲ့ Pass မျိုးစုံကို KMS Gaming Shop မှာ ယုံကြည်စိတ်ချစွာ Top-up ပြုလုပ်နိုင်ပါပြီ 🛒 "𝗚𝗮𝗺𝗲𝗿 တိုင်းအတွက် 𝗞𝗠𝗦 𝗚𝗔𝗠𝗜𝗡𝗚 𝗦𝗛𝗢𝗣" Comment မှာ Website Linkလေးကနေ တစ်ဆင့်ဝယ်ယူလို့ရပါတယ်ဗျ👇🏻 (သင့်တင့်တဲ့ဈေးနှုန်း၊ မြန်ဆန်တဲ့ဝန်ဆောင်မှု၊ နွေးထွေးတဲ့ Customer Service) #KMSGamingShop #GamerLife #GameTopUp #24HoursService #Gaming #Diamond #UC #PUBG #MobileLegend